ကိုရီးယားနိုင်ငံသည် မြင့်မားသော ပညာရေးအဆင့်အတန်း၊ ခေတ်မီသော ပညာရေးပတ်ဝန်းကျင်၊ သင့်တင့်မျှတသော ကျောင်းစရိတ်နှင့် ကျောင်းပြီးပါက ရရှိနိုင်သော အမျိုးမျိုးသော အလုပ်အကိုင် အခွင့်အလမ်းများကြောင့် မြန်မာကျောင်းသား အများအပြား နှစ်သက်သဘောကျသည့် ပညာသင်ကြားရေး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
ထိုအထဲမှ D-4-1 ဗီဇာသည် နိုင်ငံတကာကျောင်းသားများအနေဖြင့် ကိုရီးယားတက္ကသိုလ် သို့မဟုတ် ကောလိပ်များတွင် အထူးပြုဘာသာရပ်များ မသင်ယူမီ ကိုရီးယားဘာသာစကားကို အထူးတလည် အာရုံစိုက် လေ့လာသင်ယူရန်အတွက် တက်ရောက်ရသည့် ဘာသာစကားသင်တန်း ဖြစ်သည်။

D-4-1 ဗီဇာသည် ကိုရီးယားအစိုးရ၏ အသိအမှတ်ပြုခွင့်ပြုချက်ရရှိထားသော တက္ကသိုလ် သို့မဟုတ် ကောလိပ်များတွင် ကိုရီးယားဘာသာစကား သင်တန်း တက်ရောက်သင်ယူမည့် နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာဖြစ်သည်။
ဘာသာစကား သင်တန်းကာလသည် ပုံမှန်အားဖြင့် ၆ လမှ အများဆုံး ၂ နှစ်အထိဖြစ်ပြီး ကျောင်းသား၏ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုနှင့် နောက်ပိုင်း ဆက်လက်တက်ရောက်မည့် ပညာရေးအစီအစဉ်ပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ဘာသာစကားသင်တန်း ပြီးဆုံးပါက အောက်ပါအတိုင်း အနာဂတ်လမ်းကြောင်းများကို ရွေးချယ်နိုင်ပါသည်။
တက္ကသိုလ် သို့မဟုတ် ကောလိပ်များတွင် အထူးပြုဘာသာရပ်များ ဆက်လက်တက်ရောက်ခြင်း
အလုပ်နှင့် ပညာတွဲဖက်သင်ယူသည့် အစီအစဉ် (일학습병행) သို့ လျှောက်ထားခြင်း
ကိုရီးယားကုမ္ပဏီများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းနှင့် အနာဂတ်လမ်းကြောင်း ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းလာခြင်း
TOPIK အမှတ်မြင့် မရှိဘဲ လျှောက်ထားနိုင်ခြင်း
ကျောင်းအများအပြားတွင် TOPIK အမှတ်မရှိပါက သို့မဟုတ် အခြေခံ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုသာ ရှိပါကလည်း လျှောက်ထားနိုင်သဖြင့် ကိုရီးယားတွင် ကျောင်းတက်ရန် ပထမဆုံး ပြင်ဆင်နေသည့် ကျောင်းသားများပင် အတော်အတန် လွယ်ကူစွာ စိန်ခေါ်လျှောက်ထားနိုင်ပါသည်။
မြန်ဆန်ပြီး စနစ်ကျသော ပညာသင်ယူမှု ပြင်ဆင်နိုင်ခြင်း
ရှင်းလင်းသော လုပ်ငန်းစဉ်နှင့် မြန်ဆန်သော လုပ်ဆောင်မှုများကြောင့် အထက်တန်းကျောင်း ပြီးမြောက်ပြီးနောက် မြန်မြန်ဆန်ဆန် ကျောင်းတက်ရန် ပြင်ဆင်လိုသည့် ကျောင်းသားများနှင့် သင့်တော်ပါသည်။
တရားဝင် အချိန်ပိုင်းအလုပ် (Part-time job) လုပ်ကိုင်နိုင်ခြင်း
ပြည်တွင်းသို့ ဝင်ရောက်ပြီး ၆ လထက်မနည်း ပုံမှန်ကျောင်းတက်ရောက်မှု လိုအပ်ချက်များကို ပြည့်မီပါက ကိုရီးယား ဥပဒေများနှင့်အညီ တရားဝင် အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ပါသည်။
နိုင်ငံတကာ သင်ယူမှု ပတ်ဝန်းကျင်ကို တွေ့ကြုံခံစားရခြင်း
ကိုရီးယားလူမျိုး ဆရာ/ဆရာမများ၏ တိုက်ရိုက် သင်ခန်းစာများ တက်ရောက်ရင်း ကိုရီးယားဘာသာစကား အရည်အချင်းကို တိုးတက်စေနိုင်ပြီး၊ ကိုရီးယားယဉ်ကျေးမှုနှင့် လူနေမှုဘဝတွင် သဘာဝကျကျ လိုက်လျောညီထွေဖြစ်အောင် ကျင့်ယူနိုင်သည့် အချိန်ကို ရရှိနိုင်ပါသည်။ နောက်ပိုင်း အထူးပြုဘာသာရပ်များ တက်ရောက်ရန်အတွက် ပြင်ဆင်သည့် ကာလအဖြစ်လည်း အထောက်အကူပြုပါသည်။
ဝန်ထုပ်ဝန်ပိုး နည်းပါးစွာ စတင်နိုင်သည့် ပညာသင်ကြားရေး သင်တန်း
အထူးပြုဘာသာရပ်များသို့ တိုက်ရိုက် တက်ရောက်ခြင်းထက် ဝင်ခွင့်ဆိုင်ရာ ဝန်ထုတ်ဝန်ပိုး အတော်အတန် နည်းပါးသောကြောင့် ကျောင်းသားအမျိုးမျိုးအနေဖြင့် ကိုရီးယားတွင် ကျောင်းတက်ခြင်းကို ပိုမိုလွယ်ကူစွာ စတင်နိုင်ပါသည်။
ရေရှည် ပညာရေးနှင့် အနာဂတ် လမ်းကြောင်း များအတွက် အခြေခံအုတ်မြစ် ချမှတ်နိုင်ခြင်း
ဘာသာစကား သင်တန်း တက်ရောက်နေသည့် ကာလအတွင်း ကိုရီးယားဘာသာစကား အရည်အသွေးကိုသာ တိုးတက်စေရုံတင် မကဘဲ မိမိ၏ အနာဂတ် လမ်းကြောင်းနှင့် အထူးပြုဘာသာရပ် ဦးတည်ချက်များကို သေချာစွာ စဉ်းစားသုံးသပ်ပြီး အနာဂတ် အစီအစဉ်များကို ပြင်ဆင်နိုင်သည့် အချိန်ကို ရရှိနိုင်ပါသည်။

● ဘာသာစကား သင်တန်းကာလ
- ပုံမှန်အားဖြင့် ၆ လမှ ၂ နှစ်
- ကျောင်းအလိုက် ကွာခြားနိုင်
● ဘာသာစကားသင်တန်း ပြီးဆုံးပြီး TOPIK ဘာသာစကား အရည်အချင်း စံနှုန်း ပြည့်မီပါက
- တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်ခြင်း
- အသက်မွေးဝမ်းကျောင်း ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်ခြင်း
- မိမိတက်ရောက်လိုသော အထူးပြုဘာသာရပ်များသို့ လျှောက်ထားနိုင်ခြင်း
● ကျောင်းလခ (Tuition Fee)
- တစ်နှစ်လျှင် ကိုရီးယားဝမ် ၄၀ သိန်းမှ ၆၅ သိန်း
(ဆိုးလ်မြို့တော်ဧရိယာရှိ တက္ကသိုလ်များသည် နယ်မြို့များရှိ တက္ကသိုလ်များထက် ကျောင်းလခ ပိုမိုမြင့်မားပါသည်)
● အဆောင်စရိတ် - စာသင်နှစ်ဝက်တစ်ခု (semesterတစ်ခု) လျှင် ကိုရီးယားဝမ် ၃ သိန်းမှ ၁၄ သိန်း ခန့်
(ဒေသ၊ အခန်းအမျိုးအစား၊ အခန်းဖော်ဦးရေ၊ အစားအသောက် ပါဝင်မှု ရှိ/မရှိ စသည်တို့အပေါ် မူတည်၍ ကွာခြားမှုရှိပါသည်)
● ပညာအရည်အချင်း လိုအပ်ချက်
- အထက်တန်းကျောင်း ပြီးမြောက်သူ သို့မဟုတ် ထိုထက်မြင့်မားသော ပညာအရည်အချင်း ရှိသူ
- ပုံမှန်အားဖြင့် ပျမ်းမျှအမှတ် GPA 6.0 ထက်မနည်း ရှိရမည်
- အထက်တန်းကျောင်းပြီးပြီးနောက် လစ်ဟာနေသောကာလ မရှည်လျားသူ (ကျောင်းအလိုက် စံနှုန်း ကွာခြားမှုရှိပါသည်)
● စာရွက်စာတမ်း လိုအပ်ချက်
- နိုင်ငံကူးလက်မှတ်/ပတ်စပို့ ရှိသူ
- ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ ရှင်းလင်းခိုင်မာသူ
- ပြည်ဝင်ပြည်ထွက် ကန့်သတ်ချက်/ပိတ်ပင်ထားခြင်း မရှိသူ
- ကိုရီးယားနိုင်ငံတွင် တရားမဝင်နေထိုင်ခဲ့သည့် ရာဇဝင် မရှိသူ
● ငွေကြေးဆိုင်ရာ သတ်မှတ်ချက်များ
တက္ကသိုလ်ဝင်ခွင့်နှင့် ဗီဇာလျှောက်ထားမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ငွေကြေးအထောက်အထား စာရွက်စာတမ်းများကို ပြင်ဆင်ထားရန် လိုအပ်ပါသည်။
- ဘဏ်အပ်ငွေလက်ကျန် အထောက်အထား (ငွေကြေးပမာဏကို သတ်မှတ်ကာလအတွင်း ထိန်းသိမ်းထားရသည့် အကောင့်အထောက်အထား အပါအဝင်)
- ဘဏ်လက်ကျန်ငွေ အထောက်အထားလက်မှတ်
- မိဘများ၏ ဝင်ငွေအထောက်အထား စာရွက်စာတမ်းများ
※ တက္ကသိုလ်နှင့် ဒေသအလိုက် ငွေကြေးဆိုင်ရာ သတ်မှတ်ချက်များ ကွဲပြားနိုင်ပါသည်။
● ကိုရီးယားဘာသာစကားဆိုင်ရာ သတ်မှတ်ချက်များ (တက္ကသိုလ်အလိုက် လိုအပ်နိုင်ပါသည်)
လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
● ကိုယ်ရေးကိုယ်တာဆိုင်ရာ စာရွက်စာတမ်းများ
- နိုင်ငံကူးလက်မှတ် (Passport)
- နိုင်ငံသားစိစစ်ရေးကတ် / ကိုယ်ရေးအထောက်အထားကတ်
- မွေးစာရင်း
- အဖြူရောင်နောက်ခံဖြင့် ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ
● ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ
- အထက်တန်းကျောင်း ပညာရေးမှတ်တမ်း
- အထက်တန်းကျောင်း အောင်လက်မှတ်
- တက္ကသိုလ် / ကောလိပ်တွင် လက်ရှိတက်ရောက်နေသူများအတွက် ကျောင်းတက်ရောက်ကြောင်း ထောက်ခံစာ
● ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများ
- ဘဏ်စာအုပ် / ငွေကြေးပမာဏကို သတ်မှတ်ကာလအတွင်း ထိန်းသိမ်းထားရသည့် ဘဏ်အကောင့် အထောက်အထား
- ဘဏ်လက်ကျန်ငွေ အထောက်အထားလက်မှတ်
- မိဘများ၏ အလုပ်အကိုင်နှင့် ဝင်ငွေအထောက်အထား စာရွက်စာတမ်းများ
● အခြားလိုအပ်သော စာရွက်စာတမ်းများ
- လိုအပ်ပါက အထောက်အထားစာရွက်စာတမ်းများ ထပ်မံတင်ပြရမည်

